Sunday, August 11, 2013

လျှော့ဈေး

ဘဝ
 
အတ္တကို ကျောချင်းကပ်

ဒုက္ခ နဲ့ စိန်ပြေးလိုက်တမ်းကစားနေလိုက်ပုံများ

မာနတွေတောင် မသိမသာ ပျောက်ဆုံးခဲ့ရ

ရှက်..လိုက်...တာ

ငါ့ကိုယ်ငါတောင် မျက်နှာချင်းမဆိုင်ချင်ဘူး

မရောက်သေးတဲ့ မနက်ဖြန်တွေကို

လေလံစွဲ လျှော့ဈေးနဲ့ရောင်းထုတ်လိုက်တော့မယ် ။

Tuesday, September 15, 2009

အိပ်မက်တွေ ငိုကြွေးတဲ့အခါ



အိပ်မက်တွေထဲ လန့်နိုးခဲ့ရ

သွေးပျက်နေတဲ့ ခံစားချက်ရဲ့

ရင်ခုန်ခြင်းမဲ့ တေးသွားတစ်ပုဒ်

ဘာသာပြန်မရခဲ့ ဘဝရဲ့ ဆိုနာတာ ...

စိတ်ပြတင်းပေါက်က ကယောင်ကတမ်းနဲ့

ဝမ်းနည်းခြင်းကို ကဗျာစပ်တယ် ..

အလင်းဖျော့  ကြယ်ကလေးတွေရဲ့

ကွဲအက်ကြေ ငိုသံတွေက

လမင်းကြီးကို ရောင်ပြန်ဟပ်တဲ့အခါ ...

တိတ်ဆိတ် ညတွေထဲ

မှောင်မိုက်ခြင်းရဲ့ အသက်ရှူသံတွေ

ခြောက်ကပ် မွန်းကျပ်တယ် ။ ။
Thursday, August 19, 2010